User Online
Tuesday, January 29, 2013
RAM ပျက်ရင် ဘယ်လိုသိနိုင်မလဲ
မြန်မာမိသားစု ဖိုရမ် မှ ကိုစံငြိမ်း ရဲ့ Hardware အခြေခံနှင့် ပြဿနာရပ်များ ဆန်းစစ် အဖြေရှာခြင်း ကို အားလုံးဗဟုသုတရစေဖို့ ပြန်လည်ကူးယူမျှဝေပေးလိုက်ပါတယ်.. ကျန်တဲ့ အပိုင်းတွေကို နောက်ပို့စ်တွေမှာ ဆက်လက်ဖေါ်ပြပေးသွားမှာပါ....
ဒီနေ့တော့ ကွန်ပျူတာမှာ Ram မကောင်းတော့ဘူးဆိုရင် ဘယ်လိုသိနိုင်မလဲ ? ဆိုတဲ့ ပို့စ်လေးကို အရင်ဆုံး မျှဝေပေးလိုက်ပါတယ်...။
ကွန်ပျူတာ ပြုပြင်ရာတွင် စဉ်းစားနိုင်သည့်အချက်များ ဆိုသည့် ဤခေါင်းစဉ်အောက်တွင် ကွန်ပျူတာတွင်ဖြစ်ပျက်တတ်သည့်အကြောင်းအရာတို့ ကို စဉ်းစားတတ်စေရန်ဖြစ်ပါတယ်..ထို့  အတူ ဘယ်အတွက်ကြောင့်ပျက်ရသည်ကို စဉ်းစားနိုင်စေရန်ဖြစ်ပါတယ်..ကွန်ပျူတာ Hardware ပညာရပ်တွင် တစ်ရက်တည်းတစ်လတည်း တစ်နှစ်တည်းနဲ့ အဖြစ်ပျက်အတွေ့ အကြုံတို့ ကို ရယူရန်မလွယ်ပေ.. တကယ်ဖြစ်ပျက်လာသည့်အခြေနေပေါ်တွင်လုပ်ကိုင်ရတာဖြစ်သည့်အတွက် အင်မတန် တန်ဖိုးရှိသောအတွေ့ အကြုံများကို လုပ်ကိုင်ဖူးသောသူများမှအတွေ့ အကြုံရယူခြင်းသည်
မိမိအတွက် မပြောခင်ကသိနှင့်သည်ဆိုသည့်သဘောပင်ဖြစ်ပါတယ်..ကွန်ပျူတာသင်တန်းတက်ဖူးလျင်သိပါလိမ့် မည်..traning ဆင်းဖို့ ဆိုလျင် ကွန်ပျူတာ ပျက်သည်ကိုလာအပ်သည် အထိစောင့်ရမည် ထိုကဲသို့ စောင့်ပြီးမှ ပြုပြင်ခြင်းအတွေ့ အကြုံကိုရယူရပါတယ်..တကယ်လုပ်ကိုင်သောအခါတွင်လည်း ခေါင်းထဲတွင် အချက်အလက်ရှိနေလျင် လုပ်ကိုင်ရလွယ်ကူပါတယ်..ယခုဆွေးနွေးခဲ့သော အချက်များတွင် ကျွန်တော်ကြုံခဲ့သောအဖြစ်အပျက်များ အခြေအနေများ ဖတ်ခဲ့မှတ်ခဲ့ စုဆောင်းခဲ့သည်တို့ ကိုအခြေခံ၍ ဆွေးနွေးထားခြင်းသာဖြစ်ပါတယ်..ကွန်ပျူတာကို ပြုပြင်ရာတွင် စဉ်စားနိုင်သည့်အချက်များ ဆိုတာ ဆွေးနွေးခဲ့ပြီးသားဖြစ် ပါတယ် တစ်စုတစည်း တည်းဖြစ်အောင် ပြန်လည်စုစည်းပေးလိုက်ပါတယ်.. ဆွေးနွေးခဲ့သည့်ခေါင်းစဉ်များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်....
ကွန်ပျူတာမှာ Ram မကောင်းတော့ဘူးဆိုရင် ဘယ်လိုသိနိုင်မလဲ...
ကွန်ပျူတာမှာ Motherboard မကောင်းဘူးဆိုရင် ဘယ်လိုသိနိုင်မလဲ...
VGA card ပျက်ပြီဆိုရင် ဘယ်လိုသိနိုင်မလဲ..
CPU (Microprocessor) ပျက်ရင်ဘယ်လိုသိနိုင်မလဲ...
Hard Disk ပျက်ရင်ဘယ်လိုသိနိုင်မလဲ (သို့ ) Hard Disk ပျက်ရသည့်အကြောင်းများ...
ကွန်ပျူတာမှာ Monitor မကောင်းတော့ရင် ဘယ်လိုသိနိုင်မလဲ..
ကွန်ပျူတာမှာ DVD Drive မကောင်းတော့ရင် ဘယ်လိုသိနိုင်မလဲ..
ကွန်ပျူတာမှာ Power supply မကောင်းတော့ဘူးဆိုရင် ဘယ်လိုသိနိုင်မလဲ..
ကွန်ပျူတာတစ်လုံးမှာ RAM ဟာမရှိမဖြစ်လိုအပ်ပါတယ်…RAM ဟာ CPU နှင့် Hard disk ကြားမှာ တံတား သဖွယ်ပေါင်းကူးဆောင်ရွက်ပေးပါတယ်..RAM ဟာ Volatile memory အမျိုးအစားဖြစ် တယ် ..ကွန်ပျူတာ အလုပ်လုပ်နေစဉ်အတွင်းမှာ Data တွေကိုယာယီမျှသာထိမ်းသိမ်းထားတာဖြစ်ပြီး..power off သွား ရင်တော့ သူ့ မှာ ထိမ်းသိမ်းနိုင်စွမ်းမရှိပါဘူး..ဟုတ်ပြီ..ဒါဆို ဒီလိုအရေးပါတဲ့ RAM တစ်ခု ကွန်ပျူတာမှာ RAM မကောင်း တော့ဘူးဆိုရင် ဘယ်လိုတွေဖြစ် လာမလဲ ဆိုတာလေ့လာကြည့်ရအောင်..
RAM ဘာကြောင့်ပျက်ရသလဲ..
အောက်ပါအကြောင့်အရင်းများကြောင့် RAM များပျက်စီးနိုင်သည်…
1.Electro static Discharge (ESD)
2.Default industry
3.Enviroment
4.Low quality
1.Electro Static Discharge (ESD)
လူ ရဲ့ ခန္ဓာကိုယ်မှာ electro static charge တွေရှိတယ်....ခုနောက်ပိုင်းလာတဲ့ computer electronic device တွေဟာ volt အားကိုနည်းနိုင်သမျှနည်းအောင် ပြုလုပ်တတ်ကြပါတယ်..Volt အားများရင် heat တွေများများထွက်မယ် heat တွေများများထွက်ရင် electronic devices တွေတာရှည်မခံပဲ လောင်ကျွမ်း ပျက်စီး မှာဖြစ်ပါတယ်..ဒါကြောင့် volt အားကို micro volt (or) mili volt လောက်ပဲထုတ်ထားတဲ့  ပစ္စည်းတွေ ဆိုရင် လူခန္ဓာကိုယ်က ထွက်တဲ့  heat နဲ့ ထိတွေ လိုက်ရင်မခံနိုင်ပါဘူး..လောင်ကျွမ်းနိုင်ပါ တယ်..ဒါကြောင့် ကွန်ပျူတာအတွင်းက ပစ္စည်းကိုင်တော့မယ်ဆိုရင် မိမိလက်ကို casing အဖုံးလေးနဲ့ ခနမျှပွတ်ပေးခြင်းဖြင့် heat တွေကို Discharge လုပ်ခိုင်းတာပေါ့..အခုလဲ RAM အကြောင်းကိုပြောနေတာဖြစ်တဲ့အတွက် RAM ကို သေချာ မြင်ဖူးကိုင်ဖူးတဲ့သူတွေဆိုရင်သိပါလိမ့် မယ်.. မတွေ့ ဖူးမမြင်ဖူးရင်တောင်အထက်ကပုံမှာလေ့လာနိုင်တယ် RAM မှာ IC chip အသေးလေးတွေပါတယ်..RAM တစ်ခုနဲ့  တစ်ခု chip တွေရဲ့  အရွယ်အစား ကတူ ချင်မှ တူလိမ့် မယ် ..အဲဒီ chip အပြားလေးတွေကို လက်နဲ့ မထိမကိုင်မိစေနဲ့  ဘေးနှစ်ဖက်ကနေခွကိုင်ပါ.. သတိထားပြီး ကိုင်ပါ..အားကစားလုပ်တတ်တဲ့  သူတွေ ဆိုရင် ပိုသတိထားရမယ် အားကစားလုပ်ပြီးလို့ စက်ထဲက ပစ္စည်းကို ကလိတာမျိုး ရှောင်ကြဉ်သင့် တယ်...စောနကပြောတဲ့ခန္ဓာကိုယ်ကထွက်တဲ့  static charge က RAM ရဲ့ chip ပြားလေးတွေကို သွားထိမိရင် လောင်သွားနိုင်ပါတယ်..အဲလိုလောင်သွားရင်ပုံမှန်အခြေအနေတိုင်း အလုပ်မလုပ်နိုင်တော့ပါဘူး..ဒါဆိုရင် ESD ကြောင့် RAM ပျက်စီးတယ်လို့ ယူဆနိုင်ပါတယ်..RAM ကိုဖြုတ်တပ်လုပ်တဲ့အခါမှာလဲ အပူနဲ့ လွတ်ရာကင်း ရာ မှာ ပြုလုပ်ပါ..
2.Default industry
RAM stick လေးတွေကို ဈေးကွက်ထဲကို အရည်သွေးစစ်ပြီးရောင်းချလိုက်တယ်ဆိုပေမဲ့အကြောင်းအမျိုးမျိုး RAM ၀ယ်လာပြီးတော့ အဆင်မပြေမှုတွေ ၀ယ်ထား တာမကြာသေးပဲ စက်က hang ပြီး restart ကျသွားတာမျိုးတွေလည်းကြုံဖူးကြမှာ ပါ…စက်ရုံကထုတ်လိုက်ကတည်းက ထောင်သောင်းမက ထုတ်လိုက်တာဆို တော့ အနည်းနဲ့  အများချွတ်ယွင်း မှုလေးတွေတော့ရှိမှာပါ..ဒါကြောင့်တစ်ခါတရံ RAM ချောင်းအသစ်ကို ပဲသုံးလို့  မရဖြစ်တတ်ပါတယ်..RAM ချို့  ယွင်းမှုဖြစ်လို့  Default industry ကဖြစ်တယ်လို့  မှတ်ယူနိုင်ပါတယ်..အကယ်၍ မိမိက ကွန်ပျူတာအသစ်တစ်လုံးဆင် လို့ ပဲဖြစ်ဖြစ် RAM အသစ်တစ်ချောင်းဝယ်စိုက်လို့ ပဲဖြစ်ဖြစ် ဒီလိုဖြစ်လာခဲ့ရင် မိမိဝယ်ခဲ့တဲ့ ဆိုင်က အာမခံသက် တမ်း (warranty)ပေး တာဖြစ်တဲ့ အတွက်ဆိုင်မှာ လှဲလှယ်နိုင်ပါတယ်..
3.enviroment
Enviroment ကြောင့်ပျက်စီးတယ်ဆိုတာကတော့ RAM failure ဖြစ်ဖို့ အခြေအနေအားလုံးအကျုံးဝင်ပါတယ်..RAM ကို အပူနဲ့ နီးစပ်တဲ့ နေရာမှာထားရှိခြင်း ရေခိုးရေငွေ့ နဲ့ နီးစပ်တဲ့နေရာနဲ့ ထိတွေ့ မှုရှိခြင်း ..သဘာဝအလျောက် ထိမိခိုက်မိပျက်စီးခြင်းများ ဖြစ်နိုင်ပါတယ်..ဒါကြောင့် RAM ပျက်စီးမှုထဲမှာ environment လဲတစ်ခုအဖြစ်ပါဝင်တာဖြစ်ပါတယ်
4.low quality
RAM တွေကိုထုတ်လုပ်တဲ့ ကုမ္ပဏီတွေအမျိုးမျိုးရှိကြတယ်..အမျိုးစားချင်းတူပေမဲ့ ဈေးနည်းတာနဲ့ ဈေးများတာ ကွာပါတယ် ဘာကြောင့်အဲလိုကွာတာလဲ.. Architecture တွေ…ထုတ်လုတ်တဲ့ ပစ္စည်း အသုံးပြုထားတဲ့  ပစ္စည်းတွေ ကွာလို့ ဈေးနှုန်း တွေကွာခြားသွားခြင်းဖြစ်တယ် ဒီနေရာမှာ ဘယ်ဟာပိုကောင်းတယ် ဘယ်ဟာပိုသာတယ်ဆိုတာမပြောတော့ ဘူးနော် သူ့ အမျိုးစားနဲ့ သူတော့ အဆင်ပြေကြမှာပါ.. မြန်မာပြည်မှာတော့ kinston တံဆိပ်ကိုအသုံးများတယ်.... ဈေးနှုန်းသင့်ပြီးသုံးစွဲရတာ standard မှီတဲ့ အတွက် အဆင်ပြေပါတယ်..
RAM ပျက်ရင် ဘာ error တွေပြမှာလဲ
RAM ပျက်ရင် monitor screen မှာ motherboard မှ error beep sound ထုတ်ပေးပါတယ်..နောက် BSOD လို့ ခေါ်တဲ့  blue screen အပြာတက် လာပြီး တော့ RAM failure ဖြစ်ကြောင်းပြတဲ့  error message ပြတယ်..technical information code နံပါတ်တွေနဲ့ လည်းဖော်ပြပါတယ်..RAM ချောင်းတွေဟာ လုံးဝမကောင်းတော့တာတွေရှိသလို သုံးပြီးတစ်နာရီ နှစ် နာရီလောက်နေပြီးမှ စက်က ထိုးရပ်သွားခြင်း (သို့ )စက်က restart ကျသွားခြင်း ဖြစ်တတ်ပါတယ်..virus ကြောင့်မဟုတ်ပဲ စက်ကို ခနလောက်ပဲသုံးရသေးတယ် စက်ကလေးလံပြီး စက်ဟန်းသွားတာမျိုးလည်းဖြစ်တတ်ပါတယ်..RAM ကြောင့်ဖြစ်တယ်လို့ သံသယရှိရင် အခြား ကောင်းတဲ့  RAM နဲ့ ပြောင်းလဲတပ်ဆင်စမ်းသပ်ကြည့်ပါ..အခြား RAM နဲ့ ပြောင်းလဲတပ်ဆင်ကြည့်လိုက်လို့ စက်က အကောင်းပကတိ အတိုင်းအလုပ်လုပ် နေတယ်ဆိုရင် မိမိ RAM မကောင်းတော့ပါ ပိုပြီးသေချာစေရန် စောနကမကောင်းတော့ဘူးလို့ သတ်မှတ်ထားတဲ့ မိမိ RAM ကိုပဲအခြားစက်တစ်လုံးမှာတပ်ဆင် ကြည့်ပါ..အခြားစက်တစ်လုံးမှာလဲ ပထမစက်မှာဖြစ်သကဲ့ သို့ ပုံစံတူ error ပြနေလျင် RAM ပျက်ပြီဟုတ်မှတ်ယူနိုင်သည်..
RAM ကိုဘယ်လိုစစ်မလဲ
အလွယ်ဆုံးကတော့ RAM ကိုဖြုတ်ပြီးတခြားဟာနဲ့ အစားထိုးစမ်းသပ်ခြင်းဖြစ်ပါတယ် သို့ သော်လည်းအပိုရှိဦးမှကိုး..Physically အရ RAM ကို slot မှာသေသေချာချာ ထိထိမိမိစိုက်ထားရဲ့ လားဆိုတာ ပြန်စစ်ပေးရပါတယ်..တစ်ခါတရံ slot အံမကျလို့ sound beep error ထုတ်ပေးတာမျိုးလဲ ဖြစ်နိုင်တယ်.. အံကျအောင်ပြန်စိုက်ပေးလိုက်ရင်အဆင်ပြေသွားနိုင်ပါတယ် မိမိက သေချာစိုက်ထားသော်လည်း RAM အောက်ခြေမှာ ဖုံတွေ၊ ချည်းတွေ ကပ်နေတဲ့အတွက် အဆင်မပြေဖြစ်တတ်ပါတယ် အဲဒီအခါကျရင် RAM ချောင်းရဲ့ အောက်ခြေမှာရှိတဲ့ေ၇ွရောင်လိုင်းလေးတွေကို တစ်ရှူးအနုလေးဖြင့် သန့် ရှင်းပေးခြင်းအား ဖြင့်လည်းအဆင်ပြေသွားနိင်ပါတယ်...
စံငြိမ်း
Thursday, January 24, 2013
32 bit &64 bit တို့အကြောင်း
32-bit processor ၊ 64-bit processor ဆိုတဲ့အကြောင်းရယ် 32-bit Windows ၊ 64-bit Windows ဆိုတဲ့အကြောင်းကိုမပြောခင် Register ဆိုတဲ့အကြောင်းကိုအရင်ပြောချင်ပါတယ်။
Register ဆိုတာဘာလဲ…
တစ်ကယ်တော့ Register ဆိုတာ CPU (Central Processing Unit) or Processor အတွင်းမှာ ရှိတဲ့ စိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Processor မှလက်ရှိ execute လုပ်ဖို့လိုအပ်တဲ့ data များ instruction များကိုထည့်ထားရာနေရာဖြစ်သည့်အတွက် register လို့ဆိုလိုက်တာနဲ့ CPU ထဲက memory ဧရိယာတစ်ခုလို့သိထားရပါမယ်။ သဘောတရားအားဖြင့် computer ကသုံးတဲ့ memory အမျိုးအစား (Cache Memory, Main Memory – DDR2, DDR3) အားလုံးထဲမှာမှ speed
အမြန်ဆုံးနှင့်အသေးငယ်ဆုံးအမျိုးအစားတစ်ခုဖြစ်ပါတယ်။
32-bit Processor နှင့် 64-bit Processor ဘယ်လိုကွာ…
CPU အတွင်းမှာ internal data bus လို့ခေါ်တဲ့ processor အတွင်းပိုင်းမှာ data တွေတစ်နေရာနဲ့တစ်နေရာ ပေးဖို့ဖလှယ်ပေးတဲ့ data carrier (ဒီနေရာမှာတော့ bus) တစ်ခုရှိပါတယ်။ ဒီ internal data bus ပေါ်မူတည်ပြီး တစ်ကြိမ်မှာ data ပမာဏဘယ်လောက်သယ်ယူဖြတ်သန်းနိုင်မလဲဆိုတာ register size ပေါ်မူတည်ပါတယ်။ ယနေ့ CPU တွေမှာ 32-bit နှင့် 64-bit ဆိုပြီး register size ၂မျိုးရှိပါတယ်။ 32-bit register ကိုသုံးသော CPU များကို 32-bit CPU များဟုခေါ်ပြီး 64-bit register ကိုသုံးသော CPU များကို 64-bit register လို့ခေါ်ပါတယ်။
Intel မှထုတ်လုပ်သော 386 မှစပြီး Pentium 4 processor များထိတိုင်အောင်အတွင်းမှာ 32-bit register ကိုသာအသုံးပြုတည်ဆောက်ပါတယ်။ သည့်အတွက် 32-bit processor တပ်ဆင်ထားသော computer များတွင် 32-bit Windows OS နှင့် application များကိုသာ install လုပ်ပြီးသုံးနိုင်ပါတယ်။ 64-bit OS နှင့် application များကိုinstall လုပ်လို့မရပါဘူး။ Intel ရဲ့ Core2 ၊ AMD-Athlon 60 မှစပြီးနောက်ပိုင်း processor များမှာတော့ 32-bit နှင့် 64-bit register ၂မျိုးလုံးပါရှိသည့်အတွက် 32-bit OS ပဲဖြစ်ဖြစ် 64-bit OS ပဲဖြစ်ဖြစ် နှစ်သက်ရာကိုရွေးချယ်အသုံးပြုလို့ရပါတယ်။
32-bit Windows နှင့် 64-bit Windows ဘယ်လိုကွာ…
64-bit processor ကိုသုံးပြီးစွမ်းရည်အပြည့်အလုပ်လုပ်နိုင်စေရန် 64-bit Windows နှင့် 64-bit driver များကိုလိုအပ်လာပါတယ်။ ၂၀၀၅ခုနှစ်ကနေစပြီး Microsoft မှ Windows XP 64-bit ကိုစတင်မိတ်ဆက်ပေးခဲ့ပါတယ်။ Application ပိုင်းအနေနှင့်ကတော့ 32-bit application တို့သည် 64-bit Windows မှာကောင်းစွာအလုပ်လုပ်နိုင်တဲ့အတွက်အသုံးပြုနိုင်ပါတယ်။ အဲ့ဒီအခါတုန်းကအသုံးပြုနေသည့် 32-bit Windows အတွက်ရေးထားသော 32-bit driver တို့ကို 64-bit Windows မှာသုံးမရသလို 64-bit အတွက်ရေးထားသော driver တို့ကို 32-bit Windows မှာလည်းသုံးမရပါဘူး။
နောက်ပိုင်းမှ ပစ္စည်းထုတ်ရောင်းချသူတွေက ပစ္စည်းသစ်တစ်မျိုးထုတ်တိုင်း 32-bit OS နှင့် 64-bit OS အတွက်ဆိုပြီး driver ၂မျိုးကိုတွဲထုတ်ပေးပါတယ်။ သည့်အတွက် ၂၀၀၉တွင် Windows7 ထွက်လာတဲ့အချိန်မှာတော့ 32bit အတွက်ကော 64bit အတွက်ပါ driver တော်တော်များများ အဆင်သင့်ရှိနေနှင့်ပြီဖြစ်ပါတယ်။ ၄င်း 64bit edition ဖြင့်64bit processor (x86-64PC) များတွင်အသုံးပြုမည်ဆိုပါက 3D Game များ Graphic ၊ Animation နှင့် အခြား 64bit application များကိုပိုမိုမြန်ဆန်အောင်လုပ်နိုင်ကြသည့်အတွက် 64bit processor များနှင့်အတူ 64bit edition အသုံးပြုမှုတွင်ကျယ်လာနေပြီဖြစ်ပါတယ်။
32bit နှင့် 64bit တို့ရဲ့နောက်ထပ်ထူးခြားချက်က memory capacity ဘယ်လောက်များများထိ support လုပ်နိုင်သလဲဆိုတာပဲဖြစ်ပါတယ်။ 32bit Windows တို့အမြင့်ဆုံး support လုပ်နိုင်သည့်ပမာဏသည် 4GB အထိသာဖြစ်ပါတယ်။ သဘောကတော့ computer မှာ RAM တို့ကို 4GB ထက်ကျော်လွန်အောင်တပ်ဆင်ပြီးအသုံးပြုလို့မရပါ။ 64bit Windows တို့ရဲ့ယနေ့အမြင့်ဆုံး support လုပ်နိုင်သောပမာဏမှာ 192GB ထိဖြစ်ပါတယ်။ Windows version ပေါ်လည်းမူတည်ပါတယ်။ မည်သို့ပင်ဖြစ်စေ computer မှာ RAM ပမာဏကို 4GB ထက်ကျော်လွန်အောင်တပ်ဆင်အသုံးပြုချင်တယ်ဆိုရင် 64bit Windows တစ်ခုကို မဖြစ်မနေအသုံးပြုရမှာဖြစ်သလို motherboard ပေါ်က chipset ကလည်း memory ပမာဏကို 4GB ထက်ကျော်လွန်အောင် (ဥပမာ- 8GB) support လုပ်နိုင်သော chipset မျိုးဖြစ်ဖို့လည်းလိုပါတယ်။
အခုဆိုရင် စာဖတ်သူတို့အနေနဲ့ 32bit/64bit processor တွေအကြောင်းနဲ့ 32bit/64bit Windows အကြောင်းကိုသိရှိသွားပြီထင်ပါတယ်နော်။(www.aungkyaw.com မှဖော်ပြပါသည်)
CPU ပျက်ရင်ကော ဘယ်လိုသိနိုင်မလဲ
မြန်မာမိသားစု ဖိုရမ် မှ ကိုစံငြိမ်း ရဲ့ Hardware အခြေခံနှင့် ပြဿနာရပ်များ ဆန်းစစ် အဖြေရှာခြင်း ကို အားလုံးဗဟုသုတရစေဖို့ ပြန်လည်ကူးယူမျှဝေပေးလိုက်ပါတယ်.. ကျန်တဲ့ အပိုင်းတွေကို နောက်ပို့စ်တွေမှာ ဆက်လက်ဖေါ်ပြပေးသွားမှာပါ....
CPU (Microprocessor) ပျက်ရင်ဘယ်လိုသိနိုင်မလဲ
တကယ်တော့ processor တစ်လုံးပျက်ဖို့ ဆိုတာ အင်မတန်မှ ဖြစ်ခဲတဲ့  ကိစ္စပါ..ပျက်တာမရှိဘူး လား ဆိုရင်တော့ ရှိတာပေါ့ဗျာ..ရာခိုင်နှုန်းနည်းပါးတယ်လို့ ဆိုလိုချင်တာပါ..ကွန်ပျူတာ တစ်ခုလုံးရဲ့  ဦးနှောက် ဟုတင်စားခေါ်ဝေါ်သည့် cpu ဘာကြောာင့်ပျက်ရသလဲ ပျက်လျင်ဘယ်လိုသိနိုင်မလဲ ဆိုတာ လေ့လာ ရအောင်………..
CPU ပျက်နိုင်သည့်အကြောင်းများ
1.cpu over heat
2.cpu pin
3.cpu fan
4.cpu heat sink
5.ESD
6.Enviroment စသောအကြောင့်များကြောင့် cpu ပျက်နိုင်သည်..
1.cpu over heat
CPU over heat ဖြစ်ရခြင်းမှာ cpu ကိုပေးသော power က ငြိမ်သက်မှုမရှိပဲသာမှန်ပေးရမည့် ဗို့  အား ထက်ပိုပေးနေခြင်းကြောင့် cpu ဗို့ အားအရမ်းတက်လာပြီး လောင်သွားနိုင်သည်..ရုတ်တစ်ရက် ဆောင့်တက်လိုက်သော့  Load ကိုမခံနိုင်သောကြောင့်လည်းဖြစ်နိုင်သည်..ကျနော်တို့  cpu တပ်ဆင်ရင် သူ့ အပေါ်ကနေ heat sink ကိုတပ်ဆင်ပေးရပါတယ်..heat sink ဆိုတာ cpu ကနေထွက်လာတဲ့ အပူတွေကို ကူးပြောင်းရယူပြီး အပူတွေပြန့် ထွက်သွားအောင်လုပ်ပေးတဲ့ အရာ ပါပဲ အဲဒီ heat sink ကိုမှအပေါ်ကနေ fan တပ်ပြီး heat sink ကအပူတွေကို အပြင်ကိုဖယ်ထုတ်တာပါ..ဒီအလုပ်လုပ်ပုံကိုကြည့်ခြင်းအားဖြင့် cpu ကနေ ထွက် လာတဲ့ အပူကို heat sink ကယူရပါတယ်..ဒီမှာ cpu ကနေ ထွက်တဲ့ အပူကိုသာ heat sink ကယူမပေးနိုင်ဘူးဆိုရင် cpu chip လေးက အပူလွန်ကဲပြီး လောင် သွားနိုင်တယ်..ဘယ်လိုအခြေနေမှာဖြစ်လဲဆိုတော့ တပ်ထားတဲ့ heat sink က လှုပ်နေတဲ့အခါမျိုး..cpu နဲ့ heat sink ကြားမှာထိကပ်မနေပဲ ကွာဟနေတဲ့ အခါ မျိုးတွေမှာဖြစ်နိုင်ပါတယ်..ဒါကြောင့် heat sink ကိုတပ်ဆင်တဲ့အခါမှာ heat sink ကိုလှုပ်မနေအောင် သေချာတပ်ဆင်ပေးဖို့ လိုအပ်ပါတယ်..ဒါက heat sink ပေါ့လေ..နောက် over heat ဖြစ်စေနိုင်တဲ့ တစ်ချက်က fan ပေါ့.. heat sink အပေါ်မှာတပ်ထားတဲ့  fan မလည်တော့ဘူး ဆိုရင် heat sink လည်းသူတတ်နိုင် သမျှပဲအပူကိုထိန်းထားနိုင်မယ်..ဒီထက် ပိုပူလာရင် မတတ်နိုင် တော့တဲ့အတွက် cpu မှာ အရမ်းပူလာပါတော့တယ်..ဒါက fan မလည်တော့တဲ့အတွက်ကြောင့် ဖြစ်ရ တဲ့အချက်ပါ..ဒါကြောင့် cpu fan လည် ခြင်းမလည်ခြင်းကလည်း cpu သက်တမ်းကို စောင့်ရှောက် မှု မှာအရေးပါနေပါတယ်..cpu fan ကလက်နဲ့ အသာ လေးတောက်ကြည့်ရင် သွက်သွက်လက်လက် နေ သင့်ပါတယ်..ဒီလိုမဟုတ်ပဲလည်ပတ်နှုန်း တအားနှေးနေမယ် ဒါမှမဟုတ်လုံးဝမလည်တော့ရင် cpu fan ၀ယ်လဲ ပေးသင့်ပါပြီ..
2.cpu pin
Cpu pin အကြောင်းဘာလို့ ရေးရလဲဆိုတော့ ကွန်ပျူတာ maintainence လုပ်တဲ့အခါမှာ သော်လည်းကောင်း cpu အသစ်တစ်လုံးကို ဆင်တဲ့အခါမှာသော် လည်းကောင်း ဖြစ်တတ်တဲ့အရာ တစ်ခုဖြစ်ပါတယ်.. ကွန်ပျူတာ maintainence လုပ်လို့ cpu ကို motherboard socket အတွင်းမှ ဖြုတ်ယူသည့်အခါ သတိထားယူရပါတယ်..cpu မှာ Pin လေးတွေပါရှိပါတယ် အဲဒီ pin တွေက ကွေးကောက်သွားခြင်း ကျိုးသွားခြင်းမဖြစ်အောင် ဖြုတ်ရပါတယ်..အကယ်၍ pin များကွေးခြင်း ကျိုးခြင်းဖြစ်ပါက cpu ကပုံမှန်အတိုင်းအလုပ်မလုပ်နိုင်ပဲ restart ဖြစ်ခြင်း shut down ဖြစ်ခြင်း တွေကွန်ပျူတာမှာဖြစ်လာနိုင်ပါတယ်..
3.cpu fan
CPU fan လည်ခြင်းမလည်ခြင်းက cpu သက်တမ်းကို စောင့်ရှောက်ပါတယ်..မိမိကွန်ပျူတာမှာ cpu fan ဟာ သာမှန်ကွန်ပျူတာပါဝါပိတ်ထားတဲ့အချိန်မှာ fan လေးကိုလက်နဲ့ အသာလေးလည့်ကြည့်ရင် မြန်မြန်သွက်သွက်လေးလည်နေရပါမယ်..နှေးလွန်းခြင်း ဖုန်တွေ ရေငွေ့ တွေစိုထိန်းမှုကြောင့် fan မလည်နိုင်ခြင်း cpu fan wire ကြိုးက cpu fan နဲ့ သွားညှိနေခြင်းများဖြစ်တတ်သည်…cpu fan ကြိုးကိုတပ်ဆင်တဲ့အခါမှာ fan ရဲ့ အရွက်တွေနဲ့လွတ်လွတ် ကင်းကင်းတပ်ဆင် ပေး ပါ..ကြိုးနဲ့ fan အရွက် တွေညှိပြီး fan မလည်နိုင်တော့ပဲ cpu shutdown ဖြစ်ဖူးတဲ့ သာဓက တွေလည်းရှိပါတယ်.. cpu fan တွေမှာ တစ်မိနစ် လည်ပတ် နှနုးဘယ်လောက်ရှိရမယ်ဆိုတာသတ်မှတ်ထားပါတယ် အဲဒီသတ်မှတ်ထားတာထက်နှေးသွား၇င် သို့ တည်းမဟုတ် လုံးဝမလည်တော့ ရင် cpu fan ၀ယ်လဲ လိုက်ပါ..နို့ မဟုတ်ပဲ cpu fan ၀ယ်မလဲပါက cpu ပျက်စီးဖို့ အခွင့်အလမ်းနီး ပါတယ်….. ကျနော်ကြုံဖူးတယ် သူငယ်ချင်းတစ်ယောက်ဆီမှာပါပဲ ကွန်ပျူတာသွား ဆင်စဉ်ကပေါ့ စက်ဆင်တာက သူငယ်ချင်းရဲ့ စက်..သူ့ အခန်းဘေးက ညီလေးတစ်ယောက်ကလည်း သူ့ ကွန်ပျူတာ restart ခဏခဏ ကျနေလို့ ကြည့်ပေးပါဦး ဆိုပြီးလာခေါ်တော့ သွားကြည့်လိုက်တော့ cpu fan မလည် ပါဘူး..သူပြောတာတော့ power on ပြီးလို့  လက်နဲ့အသာလေးတို့ ပေးလိုက်မှလည်တာ ခနနေ ရပ်သွားတယ်တဲ့ ..အဲလိုလေးလုပ်လာတာ နှစ်လသုံးလလောက်ရှိပြီလို့ ပြောတယ်..cpu fan မှာ ကြည့်လိုက်တော့ ဖုန်တွေနဲ့ အလိမ်းလိမ်းပေါ့လေ..ဒါနဲ့  cpu fan ကိုဖြုတ်လိုက်ပြီး ဖုန်လေး ဘာလေး ခါလိုက်ပြီး fan ကိုလက်နဲ့ လည့်ကြည့်တာ မနည်းကိုလည့် နေရတယ်ဗျ.. သူ့ cpu fan မော်တာက လုံးဝကိုမလည်တော့တာ မော်တာမကောင်းတော့တာပေါ့ဗျာ.. ဒါနဲ့ သူ့ ကို cpu fan ကိုအမြန် ဆုံး ၀ယ်ဖို့ အကြံပြုပေးလိုက်တယ်..တစ်ရက်နှစ်ရက်လောက်နေတော့ကောင်းသွားပြီတဲ့  fan ၀ယ်လဲ လိုက်ပြီ restart လည်းမကျတော့ဘူးလို့ ပြောတယ်..ဒါကြောင့် cpu fan ကလည်း အရေးပါ တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်…
4.cpu heat sink
CPU heat sink က cpu ကိုတပ်ဆင်တဲ့အခါမှာ အံကျအောင်စိုက်ပေးရပါမယ်..ပြီးတော့ heat sink ကိုလှုပ်မနေအောင် တပ်ဆင်ပေးရပါတယ် ဟနေလို့ မရပါဘူး cpu နဲ့  heat sink ကြား ဟနေရင် cpuရဲ့ အပူတွေက heat sink ကိုမရောက်နိုင်ပါဘူး..ဒါကြောင့် cpu heat sink ကိုသေချာလေး တပ်ဆင်ပေးရပါတယ်…
5.ESD
လူ ရဲ့ ခန္ဓာကိုယ်မှာ electro static charge တွေရှိတယ်....ခုနောက်ပိုင်းလာတဲ့ computer electronic device တွေဟာ volt အားကိုနည်းနိုင်သမျှနည်းအောင် ပြုလုပ်တတ်ကြပါတယ်..Volt အားများရင် heat တွေများများထွက်မယ် heat တွေများများထွက်ရင် electronic devices တွေတာရှည်မခံပဲ လောင်ကျွမ်း ပျက်စီးမှာဖြစ်ပါတယ်..ဒါကြောင့် volt အားကို micro volt (or) mili volt လောက်ပဲထုတ်ထားတဲ့  ပစ္စည်းတွေ ဆိုရင် လူခန္ဓာကိုယ်က ထွက်တဲ့  heat နဲ့ ထိတွေလိုက်ရင်မခံနိုင်ပါဘူး..လောင်ကျွမ်းနိုင်ပါ တယ်..ဒါကြောင့် ကွန်ပျူတာအတွင်းက ပစ္စည်းကိုင်တော့မယ်ဆိုရင် မိမိလက်ကို casing အဖုံးလေးနဲ့ ခနမျှပွတ်ပေးခြင်းဖြင့် heat တွေကို Discharge လုပ်ခိုင်းတာပေါ့..အခုလဲ cpu အကြောင်းကိုပြောနေတာဖြစ်တဲ့အတွက် cpu ကို သေချာ မြင်ဖူးကိုင်ဖူးတဲ့သူတွေ ဆိုရင်သိပါလိမ့်မယ်.. cpu အောက်ခြေ မှာရှိတဲ့  pin လေးတွေကို လက်နဲ့  မထိ မကိုင် မိစေနဲ့  ဘေးနှစ်ဖက်ကနေခွကိုင်ပါ..အောက်ကပုံလေးတွင်cpu ကိုင်တွယ်ပုံကိုကြည့်နိုင်ပါတယ် သတိထားပြီး ကိုင်ပါ..အားကစားလုပ်တတ်တဲ့  သူတွေဆိုရင် ပိုသတိထားရမယ် အားကစားလုပ်ပြီးလို့ စက်ထဲက ပစ္စည်းကို ကလိတာမျိုး ရှောင်ကြဉ်သင့် တယ်...စောနကပြောတဲ့ခန္ဓာကိုယ်ကထွက်တဲ့  static charge က cpu ရဲ့ pin ကမှတဆင့် အထဲက chip ပြားလေးတွေကို shock တိုက်ပေးသလိုဖြစ်သွားရင် လောင်သွားနိုင်ပါတယ်..အဲလိုလောင်သွားရင်ပုံမှန်အခြေအနေတိုင်း အလုပ်မလုပ်နိုင်တော့ပါဘူး..ဒါဆိုရင် ESD ကြောင့် cpu ပျက်စီးတယ်လို့ ယူဆနိုင်ပါတယ်..cpu ကိုဖြုတ်တပ်လုပ်တဲ့အခါမှာလဲ အပူနဲ့ လွတ်ရာကင်း ရာ မှာ ပြုလုပ်ပါ..
CPU ကိုင်တွယ်ပုံ
6.Enviroment
Enviroment ဆိုတဲ့အခြေအနေမှာ ထိမိခိုက်မိ၍ပျက်စီးခြင်း ရေ မီး တစ်ခုခုကြောင့်ပျက်စီးခြင်း နဲ့အတူ cpu တစ်လုံးပျက်စီးစေဖို့ အကြောင်းရင်းများ အားလုံး ပါဝင်ပါတယ်..cpu မကောင်းတော့ရင် ဖြစ်တတ်သောလက္ခဏာ မှာ restart ခဏဏ ကျခြင်း shutdown ဖြစ်ချင်း စက် ဖွင့် ပြီး နာရီဝက်လောက်နေရင် freeze (စက်ဝပ်သွားခြင်း)စသည်တို့ ဖြစ်တတ်သည်..အထက်မှဆွေးနွေးချက်များထဲမှ cpu problem ဖြစ်ပေါ်လာပါက cpu fan နဲ့  heat sink တို့ ကို စစ်ဆေး ပေးကြည့်ပါ..စစ်ဆေးပြီးသည့်တိုင် cpu က problem ဖြစ်နေလျင် အမျိုးအစားတူ socket တူ cpu ကိုအစားထိုးလဲလှယ်ခြင်း မိမိ cpu ကိုအခြားအမျိုးအစားတူ motherboard socket မှာတပ်ဆင် ကြည့်ပါ..တခြား motherboard မှာ တော့ မိမိ cpu ကအကောင်းပကတိအတိုင်းအလုပ်လုပ်နေလျင် မိမိစက်မှ cpu ကြောင့်မဟုတ်ပဲ တခြားအစိတ်အပိုင်းများကြောင့်ဖြစ်နိုင်သည်..အမျိုးအစားတူ motherboard socket မှာစမ်းသပ်တပ်ဆင်ကြည့်သော်လည်း ယခင် မိမိစက်မှာ တပ်ဆင်သကဲ့ သို့  problem ဖြစ်နေလျင် မိမိ cpu မကောင်းတော့တာ လို့  မှတ်ယူနိုင်ပါတယ်..ထိုအခါမှသာလျင် cpu အသစ် အစားထိုးလဲလှယ်ခြင်း (သို့ ) service ဆိုင်သို့ ပြုပြင်စေခြင်း များလုပ်ဆောင်နိုင်ပါတယ်..တကယ်တော့ cpu ပျက်တယ်ဆိုတာ ဖြစ်ခဲသော အရာဖြစ်ပါတယ်..ပုံမှန် cpu တစ်လုံးရဲ့ သက်တမ်းက ဆိုင်ကနေပြီးတော့ 2 နှစ်အာမခံ သုံးနှစ်အာမခံ သက်တမ်းပေးလိုက်ပေမဲ့  စနစ်တကျအသုံးပြုပါက ၁၀ နှစ်နှင့်အထက် တာဝန်ထမ်းဆောင်နိုင်ပါတယ်.
HDD ပျက်ရင်ဘယ်လိုသိနိုင်မလဲ
မြန်မာမိသားစု ဖိုရမ် မှ ကိုစံငြိမ်း ရဲ့ Hardware အခြေခံနှင့် ပြဿနာရပ်များ ဆန်းစစ် အဖြေရှာခြင်း ကို အားလုံးဗဟုသုတရစေဖို့ ပြန်လည်ကူးယူမျှဝေပေးလိုက်ပါတယ်.. ကျန်တဲ့ အပိုင်းတွေကို နောက်ပို့စ်တွေမှာ ဆက်လက်ဖေါ်ပြပေးသွားမှာပါ....
Hard Disk ပျက်ရင်ဘယ်လိုသိနိုင်မလဲ (သို့ ) Hard Disk ပျက်ရသည့်အကြောင်းများ...
Hard disk ပျက်ရသည့်အကြောင်းများ
Hard disk ပျက်ရသည့်အကြောင်းဆွေးနွေးကြည့်ရအောင်...
Hard disk ပျက်ရခြင်းအကြောင်းရင်းများမှာအောက်ပါအကြောင်းများကြောင့်ဖြစ်နိုင်သည်
1.Firmware Corruption / Damage to the firmware zone
2.Electronic Failure
3.Mechanical Failure
4.Logical Corruption
1.Firmware Corruption / Damage to the firmware zone
Hard disk မှာ firm ware chip လေးပါရှိတယ် အဲဒီ firm ware chip လေးအတွင်းမှာ hard disk နဲ့ ပက်သက်တဲ့ information တွေထည့်ထားတယ် ..cylinder head sector ဘယ်လောက်ပါတယ် rpm ဘယ်လောက်နဲ့လုပ်တယ်ဆိုတာထည့်သွင်းထားပေးတယ်..ဒါကို firm ware zone လို့ လည်းခေါ်တယ်..အဲဒီလိုပါရှိလို့ သာ bios က hard disk information တွေကိုသွားဖတ်နိုင်တယ်..auto detect လုပ်လိုက်တာနဲ့ information တွေကိုသိနိုင်ပါပြီ..ဒီလို firm ware ပျက်စီးသွားရင် bios က မဖတ်နိုင်တော့ပါဘူး ဒါမှမဟုတ် hard disk firm ware က information တွေကို bios ကိုမပို့ ပေးနိုင်တော့ပါဘူး..ဒါကို firm ware corruption လို့ ခေါ်တယ်…ဒါကြောင့် hard disk ပျက်စီးနိုင်တဲ့ အချက်မှာ hard disk firmware ပါဝင်ပါတယ်..
2.Electronic Failure
Electronic failure က logic board လို့ ခေါ်တဲ့ hard diskအောက်ခြေမှာ ပါရှိတဲ့  controller board နဲ့ ဆက်စပ်နေပါတယ်..ရုတ်တရက် မီးအားမြင့်တက်တဲ့ အခါမျိုးမှာ controller board က over load မခံနိုင်တော့ပဲ လောင်သွားနိုင်ပါတယ် အဲဒီအခါမှာ bios ကို detect မလုပ်နိုင်တော့ပါဘူး..bios က hard disk ကိုမသိရင် ဘာမှဆက်လုပ်လို့ မရပါဘူး..
3. Mechanical Failure
Hard disk ကိုလွတ်ကျလို့ ပဲဖြစ်စေ ထိခိုက်မိလို့ ပဲဖြစ်စေ သို့ မဟုတ် hard disk အတွင်းပိုင်းမှ component တစ်ခုခု ချို့ ယွင်းပါက hard disk ပျက်စီးနိုင်သည်..
4. Logical Errors
Hard disk အတွင်း မှာရှိတဲ့ platter ပြားမှာ cylinder head sector တွေနဲ့ ဖွဲ့ စည်းထားပါတယ် အဲဒီ cylinder head sector တွေ ပျက်စီးသွားရင် bad sector တွေဖြစ်သွားရင် ဒေတာတွေရေးမှတ်လို့ မရတော့ပါဘူး hard disk ကို detect မိနေသော်လည်း (hard disk ကို bios မှတွေ့ ရှိနေခြင်း) operating system ကောင်းမွန်စွာအလုပ်မလုပ်ခြင်း ၊ OS တင်လို့ မရခြင်း ၊ OS တင်လို့ ရသောလည်း စက် hang ခြင်းစသောအကြောင်းရာဖြစ်နိုင်သည် ကျနော်သူငယ်ချင်းတစ်ယောက်တွင် master boot record area ပျက်စီးသွားခြင်းကြောင့် OS တင်လို့ မရတော့ပါ..ထိုကဲ့ သို့ ဖြစ်ခြင်းကို logic error ဟုခေါ်သည်..ဒါဟာ hard disk ကိုပျက်စီးစေနိုင်သောအကြောင်းတရားများဖြစ်ပါတယ်…
Hard disk ပျက်တယ်ဆိုတာဘယ်လိုသိနိုင်မလဲ..
bios မှာ detect မမိတော့ဘူး hard disk ကိုမပေါ်တော့တာ..ဒေတာတွေသိမ်းလို့ မရတော့ဘူး…operating system ကောင်းကောင်းအလုပ်မလုပ်တော့ဘူး စက်ကတက်လာလို့ ခနလေးပဲအလုပ်လုပ်ရသေးတယ် ဘာမှကို ဆက်ပြီးအလုပ်လုပ်လို့ မရတော့တဲ့ လက္ခဏာ တွေ ကိုတွေ့ ရတတ်တယ်..တစ်ခါတရံ hard disk အသံကိုဂရုစိုက်နားထောင်ကြည့်ရင် ဒစ် ဒစ် ဒစ် နဲ့ မြည်နေတတ်ပါတယ် ဒါပေမဲ့  bios က detect မမိဘူးဆိုပြီး hard disk ပျက်ပြီလို့ တော့ တရားသေသတ်မှတ်လို့ မရဘူး..hard disk ကိုပေးထားတဲ့ power connector မမိတာလည်းဖြစ်နိုင်တယ် ကြိုးမကောင်းတာလည်းဖြစ်နိုင်တယ်…ဒါက hard disk တစ်ခုတည်းတင်မဟုတ်ပဲ.. အခြားသော hardware device တွေကို ပြစ်ချက်စဉ်းစားတဲ့နေရာမှာ ဖြစ်နိုင်ခြေကိုအမျိုးမျိုး လည့်စဉ်းစားရ ပါတယ်…ကြိုးတွေကို သေသေချာချာ ထိထိမိမိတပ်ဆင် ပေးပါ..hard disk မှာ IDE drive ဆိုရင် jamper တွေကို master /slave ခွဲပေးထားသလားကြည့်ပါ.. တခါတရံမှာကြိုးလေးကို သေချာပြန်တပ်ပေးလိုက်တာနဲ့ အဆင် ပြေသွားနိုင်ပါတယ်.. နောက်တစ်ချက်က bios ထဲမှာ first boot ကို hard disk ကြေငြာထား သလားစစ်ဆေး ကြည့်ပါ..first boot device ကို floppy ပေးထားတာမျိုး disable ပေးထား တာမျိုးဆိုရင် OS မတက်ပဲ ဖြစ်တတ်ပါတယ်..မိမိ hard disk bios မှာ detect မမိတော့ဘူးဆိုရင် အခြား စက်တစ်လုံးမှာသွားတပ်ကြည့်ပါဦး အခြားစက်တစ်လုံးမှာလည်း detect မမိဘူးဆို၇င် hard disk ပျက်ပြီလို့ ယူဆနိုင်ပါတယ်..ဒီလိုဆိုရင်တော့ hard disk ကို service ဆိုင်ပို့ ပြီးပြင်ခိုင်းသင့်ပြင်ရပါမယ်.. အထဲကဘာဖြစ်တာလဲ မသိဘူး ဆိုပြီး hard disk ကိုသွားမဖွင့်လိုက်ပါနဲ့ hard disk ကို lab အခန်းမှာမဟုတ်ပဲမဖွင့်သင့်ပါ..ဖွင့်လိုက်ပါက 90% ပျက်ဖို့ များပါတယ်.. service ဆိုင်ပို့ ပြီးပြင်ခိုင်းခြင်း ဒါမှမဟုတ် အသစ်တစ်လုံးဝယ်လဲခြင်းပြုလုပ်ရမှာဖြစ်ပါတယ် ….
Monday, January 21, 2013
VGA Card ပျက်ပြီဆို ဘယ်လိုသိနိုင်လဲ?
မြန်မာမိသားစု ဖိုရမ် မှ ကိုစံငြိမ်း ရဲ့ Hardware အခြေခံနှင့် ပြဿနာရပ်များ ဆန်းစစ် အဖြေရှာခြင်း ကို အားလုံးဗဟုသုတရစေဖို့ ပြန်လည်ကူးယူမျှဝေပေးလိုက်ပါတယ်.. ကျန်တဲ့ အပိုင်းတွေကို နောက်ပို့စ်တွေမှာ ဆက်လက်ဖေါ်ပြပေးသွားမှာပါ....
VGA card ပျက်ပြီဆိုရင် ဘယ်လိုသိနိုင်မလဲ..
စက်တစ်လုံးမှာ Video graphic array (VGA) card ဘာကြောင့်ပျက်ရသလဲ ပျက်ပြီဆိုရင် ဘယ်လိုသိနိုင်မလဲ. VGA ပျက်လို့ ရှိရင်ကော ဘာတွေဖြစ်နိုင်မလဲ.. ဆိုတာဆွေးနွေးနွေးကြည့်ရအောင်………
VGA card ပျက်ရသည့်အကြောင်းရင်းများ…
VGA ကဒ်ပျက်ရတဲ့အကြောင်းရင်းမှာအများအားဖြင့် VGA processor heat တက်ပြီး အလွန်ပူပြင်းလာကာ ထိုအပူကို မထိန်းနိုင်တော့ပဲလောင် ကျွမ်းသွား တာ ဖြစ်ပါတယ်.. ဒါဆိုဘာကြောင့် heat တွေအရမ်း တက်နေ ရတာလဲ..နေ့ ရောညပါ အမြဲတမ်း graphic နဲ့ ပတ်သက်တဲ့ ဂိမ်းတွေ application တွေကို အနားမပေးပဲ သုံးနေမယ်ဆိုရင် graphic processor overheat ဖြစ်လာမယ်..အရမ်းပူလာမယ် ဒီအပူကို စွန့် ထုတ်ပေးဖို့  VGA ကဒ်မှာ ပါတဲ့  processor ပေါ်မှာ ပန်ကာ သို့ မဟုတ် heat sink ပါရှိပါတယ်..အဲဒီပန်ကာ heat sink တွေမကောင်းရင် လည်ပတ်နှုန်း မမှန်တော့ပဲကျဆင်းသွားရင်လည်း VGA processor heat တက်တာပါပဲ ..အများအားဖြင့် heat ကြောင့်ပျက်တာများပါ တယ်… electronic ပစ္စည်းတွေက အပူနဲ့ မကင်းပါ သူတို့  တွေက မတည့်အတူနေကြတဲ့သူ တွေဖြစ်တယ်.. VGA card မှာပါတဲ့ component တွေ capacitor တွေ transistor တွေပျက်စီးရင်လည်း VGA card အသုံးပြု၍မရ တော့ ပါ..သို့ သော်လည်းထို component တွေ က ဖြစ်ခဲပါတယ်..quality ညံ့ ရင်တော့ ပျက်တတ်တယ်…capacitor တွေရဲ့ ထိပ်တွေဖောင်းလာစုလာတာမျိုးတွေ ဖြစ်လာမယ်.. အဲလိုစူ ဖောင်း ထွက်နေရင် အခြေ အနေမကောင်း တော့ဘူး ဆက်သုံးနေရင် ခနအတွင်း ပျက်မှာသေချာတယ်……..VGA built in တွေကပျက်ခဲတယ်.. အကယ် ၍ များ built in မပါတဲ့  motherboard တွေမှာဆိုရင် on board ဖြစ်တဲ့  VGA slot မှာစိုက်ရပါ တယ်..ဒီနေရာ မှာ VGA slot က ကောင်းမွန်ဖို့ လည်းလိုပါတယ်..VGA slot မကောင်း ရင်လည်း VGA card ကအလုပ်မ လုပ်ပါ ဘူး ဒါဆိုရင် built in မပါတဲ့ motherboard မှာ VGA slot ကလည်းမကောင်းဘူးဆိုရင်တော့ motherboard အသစ်ပဲ ၀ယ်ဖို့ ၇ှိတော့တယ် ဘာလို့ လဲဆိုတော့ VGA card ကmotherboard တစ်ခုမှာ တစ်ကဒ်ပဲ ပါလို့ ဖြစ် ပါတယ်...VGA card ကိုခဏခဏအဖြုတ်အတပ် များလွန်း ရင် လည်း card ရဲ့ အောက်ခြေက ရွေရောင်ကျေး သွားလေးတွေပွန်းပဲ့ ပြီးတော့ တစ်နေနေရာကသာ မမိပဲ လွတ်နေမယ်ဆိုရင်လည်း VGA ပျက်နိုင်တယ်…
VGA card မကောင်းဘူးဆိုရင် ဘာတွေပြလာမလဲ..
အဲလို over heat ဖြစ်ပြီး VGA card ကလောင်သွားလို့ ပဲဖြစ်ဖြစ် card မှာရှိတဲ့  component တွေမကောင်းလို့  ပဲ ဖြစ်ဖြစ် VGA card က ချို့ ယွင်းပြီဆိုရင်…..
1.monitor screen မှာ color တွေ ကွက်တိကွက်ကြား ဖြစ်ပေါ်ခြင်း
2.color တွေ ထပ်နေခြင်း..color တွေမမှန်တော့ခြင်း..
3.screen ရဲ့ ထောင့်မှာ cusor မှိတ်တုတ်မှိတ်တုတ်သာပြခြင်း(သို့ )လုံးဝ ဘာမှတက်မလာပဲ
ငြိမ်သက်နေခြင်း..
4.video card failure message ပြခြင်း
5.motherboard မှ beep sound (တီ ...တီတီ )ဆိုပြီး beep သံထုတ်ပေးခြင်း
စတာတွေကိုပြပါတယ်….
VGA card ကိုဘယ်လိုစစ်မလဲ..
ပထမဆုံး မော်နီတာ ပါဝါကြိုးတပ်ထားသလားကြည့်ရမယ် power ကြိုးလဲ တပ်ထားတယ်..on လည်း on ထားတယ်(မော်နီတာ မှာLED မီးသီးအ၀ါရောင် လေး လင်းနေရဲ့ လားကြည့်ပါ)…ဟုတ်ပြီမော်နီတာ power on ထားသော်လည်း လုံးဝတက်မလာ ..မော်နီတာ data cable ကြိုးတွေကိုတပ်ဆင်ထားသလားစစ်ရမယ် ဒီနေ ရာမှာ မော်နီတာရဲ့ cable connector လေးတွေမှာပါတဲ့ pin လေးတွေဟာကြိုးနေ ကွေးနေလို့ မရပါဘူး အဲဒီ pin တွေကြိုးနေကွေးနေရင်လည်း မော်နီတာမှာ အထက်ကပြတဲ့  error တွေပြတတ်ပါတယ်… ကြိုးကိုစစ်တဲ့အခါ VGA မှာ ကြိုးနှစ်မျိုးနဲ့လာလေ့ရှိတယ် 15 pin 3 rows (အပြာရောင် female connector ) နဲ့  DVI connector တို့ ဖြစ်တယ် ဟိုးအရင် ကဒ်အဟောင်းတွေမှာတော့ 15 pin 3 rows တွေပဲပါတတ် ပါ တယ်..card မှာ မော်နီတာကလာတဲ့ကြိုးကို ထိထိမိမိ တပ်ဆင်ထားရဲ့ လား သေချာစစ်ပါ..ခုလိုစစ်တဲ့အခါမှာ ကျနော်တို့ က မော်နီတာ data cable ကြိုးကိုဖြုတ်လိုက်တပ်လိုက်လုပ်နေတော့ ကြာပါတယ်ကွာ အသာ လေး တေ့ ထား လိုက်မယ် မိမိက VGA ကို ခဏစမ်းတာပဲဆိုပြီး VGA connector ကို motherboard မှာ အဖြစ်တပ် ထား တာမျိုးရှောင်ပါ..မိမိရဲ့ စိတ်ထဲမှာ connector ကိုသေသေချာချာတပ်ထားပြီးပြီလို့  confidence ရှိအောင်လို့  ပါ…ဒါမှတခြားဖြစ်နိုင်စရာကို စိတ်ချလက်ချစဉ်းစာနိုင်မှာဖြစ်ပါတယ် နို့ မိုဆို နှစ်ခါ ပင်ပန်းပါ လိမ့် မယ်..
အစားထိုးစမ်းသပ်ခြင်း
မိမိစက်မှာ power on လိုက်ကြိုးတွေ သေချာစစ်လိုက် card တွေသေချာအံကျအောင်စိုက်ထားသလား ကြည့်လိုက်နဲ့ အမျိုးမျိုးစမ်းသပ်သော်လည်း မော်နီတာမှာ အထက်ကဆွေးနွေးတဲ့ ၅ ချက်ထဲကလို ဖြစ်နေ တုန်းပဲ ဆိုရင် အခြားစက်မှာ စမ်းသပ်ဖို့ လိုလာပါပြီ..VGA card ကတော့ ဘယ် motherboard မဆိုတပ်ဆင် လို့ ရ ပါတယ်..ဒါမှလည်း စီးပွားရေးလုပ်တဲ့  company တွေအဆင်ပြေမှာပေါ့..သူ့ တို့ ရဲ့  card ကို motherboard မှာ Compactible ဖြစ်အောင်လုပ်ထား တယ် ..အိုကေဒါဆို မိမိ VGA card ကို တခြားစက်မှာ စိုက်ကြည့်မယ်.. မိမိသွားစမ်းသပ်မဲ့ စက်က အားလုံးကောင်းနေဖို့ လိုပါတယ် ပုံမှန်အကောင်းပကတိ သုံးနေ တဲ့ကွန်ပျူတာတစ်လုံးပေါ့ဗျာ.. VGA card ကိုစိုက်ဖို့ အတွက် စက်ဖုံးဖွင့်ရမှဖြစ်ပါတယ် ကြိုပြောပါရစေ ကွန်ပျူတာ casing အဖုံးဖွင့်ပြီးအထဲက device တွေကို ဖြုတ်တပ်လုပ်တော့မယ်ဆိုရင် ကွန်ပျူတာ ကိုပိတ် ပါ(shut down ချပါ).. power supply နောက်မှာရှိတဲ့ on/off ခလုတ်ကိုလည်း ပိတ်ပါ ..နံရံကလာတဲ့ power supply အ၀င်ကြိုးကိုဖြုတ်ထားပါ…ဒီလို power ကြိုးတွေဖြုတ်ထားတာတောင်မှ အထဲမှာ 5V ၀င်နေသေး တယ်တဲ့  ဘယ်ကနေ၀င်နေတာတုန်း power supply ကလာတဲ့  power distributer ဖြစ်တဲ့ 20/24 pin ATX connector ရဲ့ pin no 9 မှာ ၀င်နေတယ်..သူက expansion slot တွေကို power ပေးတယ်..ဒါဆိုရင် expansion slot မှာလာစိုက်ထားတဲ့  card တွေကို ထိမိကိုင်မိရင် ဓါတ်လိုက်တာကို ခံစားမိမှာဖြစ် တယ် (အနည်းငယ် တော့ကျဉ်ခနဲဖြစ် မှာပေါ့) ..ဒီတော့ ဒီ ATX power connector ကိုပါ motherboard ကနေဖြူတ်ထားလိုက်တော့ အန္တရယ်ကင်းကင်းနဲ့လုပ်နိုင်တာပေါ့…အထဲကပစ္စည်းတွေကို ကိုင်တော့မှာဖြစ် တဲ့အတွက် စက်အဖုံးသံပြားလေးမှာ လေးငါးစက္ကန့် လောက် လက်ကိုပွတ်ပေးလိုက်ပါဦး electro static ကို discharge လုပ်လိုက် တာ ဖြစ်တယ်… ATX power connector ကိုဖြုတ်ပြီးပြီဆိုရင် မိမိရဲ့ card ကို တပ်လို့  ရပါပြီ..သေချာစိုက်ပါ..ထိမိအောင်စိုက်ပါ..ပြီးတာနဲ့  monitor cable ကြိုး တပ်ပါ..power supply ကြိုးတွေ တပ်ပါ..တပ်ပြီးရင် power supply on/off ခလုတ်ကို on ပါ..တစ်ချို့ power supply တွေကတော့ on/off ခလုတ် မပါ ဘူး ..ပြီးမှ ကွန်ပျူတာ power ကို ဖွင့်လိုက်ပါ..မော်နီတာကို စောင့်ကြည့်လိုက် ..ပုံမှန်အတိုင်း တက် သွားပြီး အလုပ်လုပ်နေတယ် ကောင်းတယ်ဆိုရင်တော့ မိမိ VGA card မှာ ပြဿနာမရှိဘူး..ဒါဆိုရင် မိမိရဲ့  စက်မှာpower နဲ့ cable တွေကို ပြန်စစ်ပါ..အဲသလိုမဟုတ်ပဲနဲ့  မိမိ card တပ်ဆင်ပြီးသော်ငြားလည်း ယခင်ကစက်မှာ တပ်ဆင်ထားသကဲ့ သို့  အထက်က (၅)ချက်ထဲကအတိုင်း ဖြစ်နေမယ်ဆိုရင် VGA card ပျက်ပြီလို့ သတ်မှတ်နိုင်ပါတယ်..VGA card ပျက်ပြီဆိုရင် card ရဲ့  processor fan ကိုဖြုတ်ပြီး fan နဲ့  processor ကြားထဲမှာ thermal compound (ကော်စေး) လေးပြန်သုတ်ပေးပြီး စမ်းကြည့်လိုက် ပါ.. အဆင်ပြေ သွားတတ်ပါ တယ်..ကော်စေးထည့်သော်လည်းနဂိုအတိုင်းဖြစ်နေဦးမယ်ဆိုရင်တော့ VGA card အသစ်လဲဖို့  လိုအပ်ပြီဖြစ်ပါတယ်..
ညီအစ်ကိုမောင်နှမများအားအစဉ်လေးစားလျက်
မြန်မာမိသားစုဖိုရမ်
ကိုစံငြိမ်း
Gtalk နဲ့Mobile ဖုန်းခေါ်ရအောင်ဟေ့
နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ...
အသုံးပြုနည်းကတော့ ....
1. Google Talk ကိုဖွင့်ပါ။
2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။
3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။
(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com
4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။ အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို သိပါတယ်။
ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။
ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။
လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။
5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။ Make calls from your Google Talk
1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ
2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။
3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။
4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 secondsအချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။
5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)
6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။
7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။
8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။
no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်း။စိတ်မကောင်းစွာဖြင့် ဒီlist ထဲမှာ စင်ကာပူနှင့် မြန်မာနိုင်ငံပါမလာပါဘူး ...
ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ဖော်ပြပေးလိုက်ပါတယ်။
Country name Country code Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။ login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။
အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါတယ်။ ZEALOT မှကူးယူပါတယ်။
Saturday, January 19, 2013
တောင်းပန်ခြင်း ပညာရှင်များသို့
ကျွန်တော်သည် နည်းပညာပြသနာများနှင့် နည်းပညာ ဆော့ဝဲများကို သူများဆိုဒ်များကို ကူယူဖော်ပြချင်ဖော်ပြမည်
ထိုကြောင့် အားလုံးကိုတောင်းပန်ပါတယ် တစ်နေရာတည်းမှ အလုံးစုံသိလိုသူများကို ကူညီလိုသောစေတနာကြောင့်
ဒီနေရာလေးကပဲ ပညာရှင်အားလုံးကိုတောင်းပန်ပါတယ်.............
Subscribe to:
Posts (Atom)